အထက်မင်းလှ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပြိုင်ပွဲတွင် ဝါသနာရှင် (ဒုတိယတန်း) အဆင့် (အမျိုးသမီး) အမျိုးဂုဏ်ဇာတိဂုဏ်၊ အရေးပြိုင်ပွဲတွင် ဝါသနာရှင် (ဒုတိယတန်း) အဆင့် (အမျိုးသား)၊ အဆိုပြိုင်ပွဲတွင် ဝါသနာရှင် (ပထမတန်း) အဆင့် (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်၊ ကွက်စိပ်ပညာရှင်အဆင့် (အမျိုးသား)၊ အဆိုပြိုင်ပွဲ အခြေခံအဆင့်တွင် အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ (အမျိုးသမီး)၊ အဆိုပြိုင်များ တွင်အခြေခံအဆင့် အသက် (၁၅) နှစ်မှ (၂၀) နှစ် အထိ (အမျိုးသမီး)၊ အခြေခံအဆင့် အသက် (၁၅) နှစ်မှ (၂၀) နှစ် (အမျိုးသား)အကပြိုင်ပွဲတွင် အခြေခံအဆင့် (ကဗျာလွတ်) ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
မင်းလှမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာ (၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်၍ မြို့နယ်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများကို ခရိုင်အဆင့်ပြိုင်ပွဲသို့သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)