သတင်းများ

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်‌ ကြေညာ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်(၆)နာရီအချိန်၌ အမာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ထုတ်ပြန်ကြေညာ ပေးထားကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင်၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခု၌ဖြေဆိုရာ အောင်ချက်(၄၉.၈၀) ရာခိုင်နှုန်းအောင်မြင်
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ( ၁၁ ) ခုတို့၌ ဖြေဆိုခဲ့ရာ အောင်ချက် (၄၉ .၈၀ ) ရာခိုင်နှုန်း‌ အောင်မြင် ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ကော့ကရိတ်မြို့တွင်းနေ ပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ်
Jul 28,2025
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် KNU/LNLAနှင့်PDF အကြမ်းဖက် ပူးပေါင်းအဖွဲ့များနှောင့်ယှက်ပိတ်ဆို့ထားသည့် ကျုံဒိုး-ကော့ကရိတ် ပြည်ထောင်စု ကားလမ်းမကြီးအား ပြန်လည် ထိန်းချုပ်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ရာ ကော့ကရိတ်မြို့တွင်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့က  ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ဒေါနခန်းမ၌ အခြေခံစားသောက်ကုန်များ ဖြန့်ဝေပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ
Jul 28,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့  ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်အောင်မြို့နယ်မှ(၅)ဘာသာဂုဏ်ထူး ရရှိသူ (၁)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း(၅၅.၉၉) ရှိ
Jul 28,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၅၅.၉၉%) ရှိကြောင်းသိရှိရသည်။
သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိ
Jul 28,2025
သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိပြီး ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊‌‌ လေးဘာသာ ဂုဏ်ထူးခြောက်ဦး၊ သုံးဘာသာဂုဏ်ထူး ၅၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၆၀၊ တစ်ဘာသာဂုဏ်ထူး ၁၁၇ဦး ဖြေဆိုအောင်မြင်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ
Jul 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာနတွင် ယမန်နေ့နံနက် ၆ နာရီအချိန်မှစတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိ
Jul 28,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယမန်နေ့နံနက် ၆ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ထားခဲ့ရာ ပေါင်မြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ (၄၂)ဦးရှိပြီး အောင်မြင်သူ (၃၉၇)ဦးရှိကြောင်း သိရသည်။