မြန်အောင် ဇူလိုင် ၂၈
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင် မြို့နယ်မှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးရှိပြီး မြို့နယ်အဆင့်အောင်ချက်ရာနှုန်း (၅၅.၉၉%) ရှိကြောင်းသိရှိရသည်။
မြန်အောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၈)ခုတွင် ဝင်ရောက် ဖြေဆိုသူ(၇၉၃)ဦးရှိရာ အောင်မြင်သူဦးရေ (၄၄၄)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း (၅၅.၉၉ %) ရှိကြောင်းသိရှိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်အောင်မြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရရှိသူ (၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁၂) ဦး၊ (၂)ဘာသာ ဂုဏ်ထူးရရှိသူ (၁၅) ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၃၀)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၁၈)ဦး၊ အင်္ဂလိပ်စာ(၂)ဦး ၊ သင်္ချာ(၃)ဦး၊ ဓါတုဗေဒ(၄)ဦး၊ရူပဗေဒ(၂၅)ဦး၊ ဇီဝဗေဒ(၁၈)ဦး ၊ ပထဝီဝင်(၁၁)ဦး၊ သမိုင်း(၄)ဦး၊ ဘောဂဗေဒ(၂၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)