သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိ

သာစည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၏ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်၆နာရီမှစ၍ စာစစ်ဌာနငါးခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ထုတ်ပြန်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက အေးချမ်းစွာဖြင့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်

ထိုသို့ထုတ်ပြန်ပေးရာတွင် ဇွန်လအတွင်းပြန်လည်ဖြေဆိုခဲ့သည့် စာစစ်ဌာနငါးခုမှ ကျောင်းသား/ကျောင်းသူ ၁၃၂၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး  အထက(၁)စာစစ်ဌာန၌ ၂၃၄ ဦး၊ အထကညောင်ရမ်း၌ ၁၆၅ဦး၊ အထကဟံဇား၌ ၇၂ ဦး၊ အထက မယ်ဇလီကန်၌ ၇၀ ၊ အထကယင်းမာပင်၌ ၅၆ ဦးတို့ဖြင့် စုစု‌ပေါင်း ၅၉၇ဦး ဖြေဆိုအောင်မြင်ခဲ့ရာ တစ်မြို့နယ်လုံး အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၉၂ ရှိပြီး ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊‌‌ လေးဘာသာ ဂုဏ်ထူးခြောက်ဦး၊ သုံးဘာသာဂုဏ်ထူး ၅၇ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်၆၀၊ တစ်ဘာသာဂုဏ်ထူး ၁၁၇ဦး ဖြေဆိုအောင်မြင်ခဲ့သည်။

ထိုသို့အောင်စာရင်းများ ထုတ်ပြန်ကြေညာသည့် အထက(၁)စာစစ်ဌာနနှင့် မြို့နယ်ပညာ ရေးမှူးရုံးတို့တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်၍  ကြီးကြပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်