ကျွန်းလှမြို့နယ်တွင် စားသုံးဆီ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာရောင်းချပေး
Sep 13,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ပြည်သူများ စားအုန်းဆီ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။