ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Bill Bord) ကြော်ငြာဆိုင်းဘုတ်စိုက်ထူ

ကျိုင်းတုံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ယနေ့တွင် ကျရောက်သည့် ဧကဒဿမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Bill Bord)  ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်း(ကျိုင်းတုံ-မိုင်းလားလမ်း) မြို့တော်ခန်းမရှေ့၌ တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးနိုင်၊ အမှတ်(၇)မူးယစ်တပ်ဖွဲ့ခွဲမှူး (ကျိုင်းတုံ) ဒုတိယရဲမှူးကြီး သန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ အမှတ် (၁၈) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) ၊ တပ်ဖွဲ့စုမှူုး ဒုတိယရဲမှူး အောင်ကျော်ဇင်နှင့် တပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများစုပေါင်း၍ ဧကဒဿမ အကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Bill Bord)  ကြော်ငြာဆိုင်းဘုတ် စုပေါင်းစိုက်ထူကြပြီး  လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လမ်းသွားလာနေကြသည့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး (Bill Bord)  ကြော်ငြာဆိုင်းဘုတ်တွင် “လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့် ပြည်သူများအနေဖြင့် လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက ဆက်သွယ်တိုင်းကြားနိုင်သည့် ဖုန်းနံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)