ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ မြို့နယ်/တိုက်နယ် ပြည်သူ့ဆေးရုံများအားလုံး၌ ဆေးကုသခဲယူရပါက လူနာအမျိုးအစား(၅)မျိုးအား အခမဲ့ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် စက်တင်ဘာလဆန်းမှစ၍ ပြုလုပ်ပေးနေပြီဖြစ်ပြီး လူနာအမျိုးအစား(၅)မျိုးမှာ အရေးပေါ်ရောက်ရှိလာသော အားလုံး၏ ပထမဆုံးရောက်ရှိသည့်ရက်၊ ဆင်းရဲနွမ်းပါးသူများအားလုံး၊ အသက်(၈၀)နှင့်အထက် သက်ကြီးဘိုးဘွားများအားလုံး၊ အသက် (၆၀/၆၂)နှစ် လုပ်သက်ပြည့်လုပ်ပြီး ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအားလုံးနှင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဝန်ထမ်း/ နိုင်ငံ့ဝန်ထမ်းများ(နေ့စားဝန်ထမ်းမပါ) အားလုံးဆေးကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီထံမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)