ကျွန်းလှ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ပြည်သူများ စားအုန်းဆီ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန် ယမန်နေ့ နံနက် ၇ နာရီက ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် အခြေခံလူတန်းစား အိမ်ထောင်စု ၂၂၀ အား အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်း ဆီပိဿာ ၁၁၀ ကို တစ်ပိဿာငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်ဈေးများနှင့် ဝန်ထမ်းအိမ်ရာတို့တွင်လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ