သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကာယ၊ဉာဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပြိုင်ပွဲများ ကျင်းပ
Sep 13,2023
ကရင်ပြည်နယ်၊   ဘားအံခရိုင်၊   လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ‌ပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။
သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ရဲရင့်စွာပြောရဲဆိုရဲတတ်စေရန်၊ စည်းလုံးညီညွှတ်မှုရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီက ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ အမျိုးသမီးသက်မွေး အတတ်ပညာသင် ကျောင်းသို့  ဆန်၊ ဆီနှင့် စားစရိတ်များ ထောက်ပံ့
Sep 13,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်မြို့ ကွမ်းသီးချောင်းကျေးရွာရှိ  အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း  သင်တန်းသူများအတွက် ဆန်၊ ဆီနှင့် စားစရိတ်များကို ယမန့်နေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ချည်မျှင်ရှည်ဝါဧက ၅၀၀၀ ကျော်စိုက်ပျိုးပြီးစီး
Sep 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်တွင် ချည်မျှင်ရှည်ဝါ ၂၇၇၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ ချည်မျှင်ရှည်ဝါ ၅၄၃၆ ဧက စိုက်ပျိုးထားပြီးစီးပြီဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Sep 13,2023
၂ဝ၂၃ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲကို (၈.၉.၂၀၂၃)ရက်နေ့မှ(၁၃.၉.၂၀၂၃)ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း မိုးလုံလေလုံအားကစား ခန်းမတွင်  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။
တွံတေးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(သဝန်းတော)တွင် လူငယ်ရေးရာကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Sep 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာအုပ်စု၊ သဝန်းတောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင်  နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဒေသဝက် (၅၀) ကောင်အား မွေးမြူရေးဘဏ်စနစ်ဖြင့်မွေးမြူမည့် အိမ်ထောင်စု (၁၂) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Sep 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးသည့် ဒေသဝက် (၅၀) ကောင်အား မွေးမြူရေး ဘဏ်စနစ်ဖြင့်မွေးမြူမည့် အိမ်ထောင်စု (၁၂) စုထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာတွင် ပြုလုပ်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Sep 13,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။