လဲချား စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယနေ့ နံနက်(၇)နာရီအချိန်က မြို့မစျေးအရှေ့တွင် ရောင်းချပေးခဲ့သည်။
အဆိုပါ စားသုံးဆီများရောင်းချရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား စားသုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ်(၄၈၀၀)နှုန်း၊ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)