သတင်းများ

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ
Sep 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်များခင်းကျင်း ပြသပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ( ၁၅) ဦး လာရောက်ယှဉ်ပြိုင်ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Sep 15,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှု ဆက်လက်ဖြစ်ပွား
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင်  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်၍ ကမ်းပြိုကမ်းစားမှု လျော့နည်းအောင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ထားရှိခဲ့သည်။  အဆိုပါနေရာတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာသည်အတွက် ယနေ့နံနက်က အလျားပေ(၅၀)၊ အကျယ် (၅)ပေခန့် ကမ်းပြိုမှုဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး‌ဆွေးနွေး
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအသိပညာပေး‌ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် စားအုန်းဆီများ လိုက်လံရောင်းချ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီအချိန် မှ ၁၂ နာရီ ၁၅ မိနစ်အထိ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၈)၊ ပဒေသာမြို့သစ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဒေသခံပြည်သူများထံသို့ (၁)ဦးလျှင် စားအုန်းဆီ(၁)ပိဿာစီအား ငွေကျပ်(၅,၃၃၅/-)ဖြင့် စုစုပေါင်းစားအုန်းဆီ(၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်တွင် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယ​နေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲ အခမ်းအနားကျင်းပ
Sep 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကန်ဘဲ့ကျေးရွာအုပ်စု၊ကန်ဘဲ့(စံပြ)ကျေးရွာတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.ထ.က(ကန်ဘဲ့)ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။