ဗန်းမော် စက်တင်ဘာ ၁၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြင့် စားသုံးကုန်များအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ သက်သာဈေးတွင် ယနေ့နံနက်(၆)နာရှိမှ နံနက်(၉)နာရီအထိ ရောင်းချပေးခဲ့သည်။
အဆိုပါ စားသုံးကုန်များရောင်းချပေးရာတွင် ဒေသထွက် ချင်း-၃ ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ပဲဆီ(၁)ပိဿာ (၁၅၀၀၀)ကျပ်၊ စာအုန်းဆီ (၁)ပိဿာ (၅၈၀၀)ကျပ်၊ဝက်သား(၁)ပိဿာ (၁၆၀၀၀)ကျပ်၊ အမဲသား(၁)ပိဿာ (၁၁၀၀၀)ကျပ် ၊ကြက်သား(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း(၁)ပိဿာ (၈၅၀၀) ကျပ်နှုန်းဖြင့် ရောင်ချပေးခဲ့ကြောင်းနှင့် ထိုသို့ သက်သာဈေးနှူန်းဖြင့် စားသောက်ကုန်များရောင်းချပေးခြင်းကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်