တွံတေး စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကန်ဘဲ့ကျေးရွာအုပ်စု၊ကန်ဘဲ့(စံပြ)ကျေးရွာတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အ.ထ.က(ကန်ဘဲ့)ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြေပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက လူငယ်နှင့်စာပေ၊ မြန်မာအားကစား လက်ရွေးစင်ဟောင်းများအသင်းမှ ဒေါ်မြင့်မြင့်အေး( ပြေး၊ခုန်၊ပစ်)က အားကစားနှင့်လူငယ်ဘဝမြှင့်တင်ခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလွင်ဇော်ဦးက လူငယ်နှင့်အားကစား၊ မြို့နယ်ပညာရေးဌာနမှ ဒုတိယဦးစီးမှူး(ကာယ)ဒေါ်ဖြူဖြူက အားကစားနှင့်ပညာရေးစသော ခေါင်းစဥ်များဖြင့် ဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်ပညာရေးဌာနမှ ဆရာ၊ ဆရာမများက Physical Fitness Dance အကဖြင့်သရုပ်ပြကပြကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်းသိရသည်။ ယင်းနောက် ကျောင်းသားကျောင်းသူများကစားနိုင်ရန် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးတိုကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးအောင်သန်းက ကျောင်းသား၊ ကျောင်းသူများဟောပြောပွဲအပေါ် စိတ်ဝင်စားမှုရှိ၊ မရှိ၊ အထွေထွေဗဟုသုတများရှိ၊ မရှိသိရှိစေရန် ဥာဏ်စမ်းမေးခွန်းများမေးမြန်းရာ အဖြေမှန်သူများအား ကျော့ပိုးအိတ်လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက်ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ခင်သောင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း(၂၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တွံတေးသား