လှည်းကူးမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရှင် ၁ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၁၀၃ ဦး အောင်မြင်

လှည်းကူး ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန(၇)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၀၃ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် စာစစ်ဌာန(၇)ခု၌ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၆၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး (၁၁၀၃) ဦးအောင်မြင်ရာ အောင်မြင်မှုရာခိုင်နှုန်း ၅၁.၀၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂုဏ်ထူးရရှိမှုအခြေအနေမှာ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၃)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၇၇) ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၈၃) ဦး၊ ရိုးရိုးအောင်(၈၉၆)ဦးရှိပြီး ဂုဏ်ထူးရရှိသည့်ဘာသာများမှာ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)