ကန့်ဘလူ ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ် ( ၅/၂၀၂၅)ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ယခုအခါ ကွန်ပျူတာပညာရပ်များကို လူတိုင်းတတ်မြောက်ထားသင့်သည့် ဘာသာရပ်ဖြစ်သလို လုပ်ငန်းခွင်ဝင်ရောက်ရန် ပြင်ဆင်နေသူများ၊ ဝန်ထမ်းများအတွက်လည်း အခြေခံမှစ၍ တတ်မြောက်ထားရမှာဖြစ်ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များကို ဆက်လက်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က သင်တန်းတွင်သင်ကြားပေးမည့် အခြေခံကွန်ပျူတာဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးအား ကွန်ပျူတာအခြေခံပညာရပ်များကို သင်တန်းကာလတစ်လကြာ စာတွေ့/လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ကွန်ပျူတာအခြေခံသင်တန်းကို လစဥ် စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)