သတင်းများ

တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး
Sep 14,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်ရှင်များနှင့် တောင်တွင်းကြီး မြို့နယ် ဆီလုပ်ငန်းရှင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြို့ပေါ်(၉)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စာအုန်းဆီများကို ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
နာဂဒေသ၊ ပန်ဆောင်မြို့ နာယန်းကျေးရွာအ ထ က(ခွဲ) ၌ လူငယ်စကားဝိုင်းကျင်းပ
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ထနီဒေါင့်ဝါးတော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဝါးဝောာကျေးရွာအုပ်စု၊ ထနီဒေါင့်ဝါးတော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မဉ္ဇူဆောင်ခန်းမတွင် စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည်တိုက်၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်
Sep 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်စွာဆောင်ရွက်နိုင်ရန်နှင့် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်စေရန် ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် စားသုံးဆီ ဈေးနှုန်းသက်သာစွာ ရောင်းချ
Sep 14,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှု၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြင့် မြို့သစ်မြို့နယ် ဆီကုန်သည်များအသင်းနှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးအတွက် ရောင်းချပေးခြင်းကို ယနေ့နံနက်၉နာရီ အချိန်မှ ၁၁နာရီ အထိ စျေးရပ်ကွက် ဗိုလ်မင်းရောင်လမ်းပေါ်ရှိ သီဟထွန်းဆီစက်/ဆန်စက်နှင့်သီးနှံစုံရောင်းဝယ်ရေး၊ သိန်းကမ္ဘာဆီရောင်းဝယ်ရေးတို့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ်‌ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၆)ကျောင်းယာယီပိတ်ထား
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ကျောင်းဝန်းအတွင်းသို့ ဧရာဝတီမြစ်ရေနှင့်ငဝန်မြစ်‌ရေ ဝင်ရောက်သဖြင့် အခြေခံပညာကျောင်း(၆) ကျောင်းအား  ယာယီပိတ်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများဆောင်ရွက်
Sep 14,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနား-တောင်ညိုလမ်းမကြီး (မိုင်တိုင် ၁၆/၃ဖာလုံ) အနီးတွင် ဆောင်ရွက်ခဲ့သည်။