တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆီများရောင်းချပေး

တောင်တွင်းကြီး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုဖြင့်  မြန်မာနိုင်ငံဆီလုပ်ငန်ရှင်များနှင့် တောင်တွင်းကြီးမြို့နယ် ဆီလုပ်ငန်းရှင်များ၏ ပူးပေါင်းစီစဉ်မှုဖြင့် မြို့ပေါ် (၉) ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စာအုန်းဆီများကို ယနေ့နံနက်ပိုင်းက  ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာတွင်  စာအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၈၀၀) ကျပ်နှုန်းဖြင့် စာအုန်းဆီ (၂၂၀၀) ပိဿာအား တစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စုစုပေါင်းလူဦးရေ (၂၂၀၀) အား ရောင်းချ‌ပေးခဲ့ပြီး ရောင်းချနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)