ပန်ဆောင် စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အခြေခံပညာ အထက်တန်း ကျောင်းခွဲ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပန်ဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါ်နှင်းအိမွန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများမွေးထုတ်ပေးနိုင်ရန်၊ မိမိတို့၏ ဉာဏ်ပညာ ဖြင့် အမှား၊ အမှန်ကို ခွဲခြားနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် မိမိအမျိုဘာသာသာသနာကို တန်ဖိုးထားမြတ်နိုး တတ်စေ ရန်အတွက် လူငယ်စကားဝိုင်းကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေနွေးသည်။
ထို့နောက် အ.ထ.က(ခွဲ) နာယန်း Grade 9 (A) မှ မပေါယွမ်းက လူငယ်နှင့် ကျန်းမာရေး၊ နာယန်း Grade 8 (B)မှ မမြန်းနက လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade 9 (A) မှ မယွန်းမီနိုက လူငယ်နှင့် မီဒီယာ စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က နာယန်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝမ်းမုန်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်လူငယ်ရေးရာ အသိပညာပေး နံရံကပ် စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဂျာယော် (ပန်ဆောင်)