သတင်းများ

ညောင်တုန်းမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပိုစတာစိုက်ထူ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းနယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပိုစတာကို ယနေ့ နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းတွင် စိုက်ထူခဲ့သည်။
ပန်းတနော်မြို့၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံကွန်ပျူတာသင်တန်းအမှတ်စဥ် ၁၊ ၂/ (၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
မြန်အောင်မြို့၊ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေ ကျဆင်းချိန် ကမ်းပြိုမှုဖြစ်ပွား
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ၊ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက် မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေကျဆင်းချိန် မြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား လျက်ရှိပြီး ကမ်းပြိုမှု ဖြစ်ပွားသောနေရာ၌ အလျား ပေ ၂၀ ခန့် မြေသားအက်ကြောင်းများ ဖြစ်ပေါ် လျက်ရှိရာ ယနေ့ နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီး အရာရှိ ဦးသိန်းဌေးတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့နယ်တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်
Sep 14,2023
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သော (၅၉)နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးခရိုင်ရဲတပ်ဖွဲ့မှ ခန္တီးမြို့၊ ဇီးဖြူကုန်းတွဲဘက်အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၀၇း၀၀ အချိန် စာသင်ကျောင်းဝန်းအတွင်း ချုံနွယ်မြက်ပင်များရှင်းလင်းခြင်း၊ စာသင်ခန်းအတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ ကျောင်းအိမ်သာများ သန့်ရှင်းရေးပြုလုပ် ထုံးဖြန်းပေးခြင်းစသည့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။
သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေး(HPV) ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် မိုးသည်းထန် မြစ်ရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျပျက်စီး
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသည်းထန်မြစ်ရေကြီး နစ်မြုပ်မှုကြောင့် စက်တင်ဘာလ ၁၂၊၁၃ ရက်နေ့များက နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့ရသည်။
စစ်ကိုင်းမြို့တွင် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲကျင်းပ
Sep 14,2023
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းမြို့ ဟိုတယ်စစ်ကိုင်းအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀း၀၀အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဝင်ဒေသများရှိ တိရိစ္ဆာန်များ အတွက် ဖြည့်စွက် အစာအိတ်များ ထောက်ပံ့ပေးအပ်
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ရေဝင်ဒေသများရှိ တိရစ္ဆာန်မွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ၁၃ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာ အုပ်စု၊ အုန်းတောကျေးရွာရှိ အုန်းတောဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။