ကာမိုင်းမြို့၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကာမိုင်း စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယ​နေ့နံနက် (၁၀)နာရီက လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များအား ဉာဏ်ရည်ဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို အ.ထ.ကကျောင်းနှင့် အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅)ဦး ပါ၀င်ယှဥ်ပြိုင်ကြရာ ဆုများရရှိကြသူများကို မြို့ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ပြပွဲဆက်လက်ပြသရာတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်များကို ခင်းကျင်းပြသ၍ ကလေးငယ်များနှင့် လူငယ်လူရွယ်များက စိတ်၀င်တစားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)