ချမ်းအေးသာစံမြို့နယ် Community Centre တွင် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၁၅

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူက ၃၀ ဦးကျော် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့​ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ဆုရွေးချယ်သည့် စည်းမျဥ်းစည်းကမ်းများကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်