မန္တလေး စက်တင်ဘာ ၁၅
လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်း၊ ရှေးဦးသူနာပြစုနည်းသင်တန်းဆင်း အောင်လက်မှတ်ပေးအပ်ပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အောင်မြေသာစံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက်တာဝန်ရိသူများက သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးကြသည်။
ဆက်လက်၍ အောင်မြေသာစံခရိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ထောက်ပံ့သော အားကစားပစ္စည်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အားကစားမှူးတို့က ပေးအပ်ကြရာ ကျောင်းအုပ်ကြီးက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မိုး၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူငယ်သင်တန်းကျောင်းအုပ် ကြီးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့်တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား (၁၅၄)ဦး တက်ရောက်ကြသည်။
မြင့်မော်ထွန်း