ကသာ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် “ဗုဒ္ဓအလိုကျ Minimalism” အကြောင်းကို စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွှဲ (၃) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ ယာယီနေ့စား ဦးသက်နောင်ဦးက “Minimalist ဆိုတာ”၊ လုပ်သားရုပ်သံ ဒေါ်အေးချစ်ဝင်းက “ရည်ရွယ်ချက် ပါရမယ်”၊ စာရေးကြီး ဒေါ်တင်မြမြဝင်းက “ရှိသင့်သလောက်တော့ ရှိရမယ်၊ ရုပ်သံ-၃ ဒေါ်ခိုင်ခိုင်ထွန်းက “ဗုဒ္ဓက ဘယ်လိုဟောထားသလဲ”၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးကျော်စွာထွန်းက “လှူရာလည်း ရောက်တယ်” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက “အကျိုးကျေးဇူးတွေနှင့် အခက်အခဲ” ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ဝန်ထမ်းများ၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာနှင့် ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသွားကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)