ကျောက်ဖြူခရိုင်၌ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး GIS နည်းပညာအသုံးပြုကာ မြို့ပေါ်ရပ်ကွက်များအား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ခရိုင်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။