ချမ်းမြသာစည်မြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချမှုရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ချမ်းမြသာစည်  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ပြည်သူများ စားသုံးဆီများ ဝယ်ယူသုံးစွဲရာတွင် အဆင်ပြေစေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဈေးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များနှင့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊အတွင်း‌ရေးမှူး ရဲမှူးဇော်၀င်းကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများအနေဖြင့် စားသုံးဆီများကို အဆင်ပြေစွာဝယ်ယူရရှိနိုင်ရေး၊စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ သတ်မှတ်ထားရှိ သည့် ဈေးနှုန်းများအတိုင်း အမှန်တကယ် ရောင်းချပေးခြင်း ရှိ/မရှိ ၊ အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (ချမ်း/စည်)