မိုးရာသီကာလတွင် လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ ဈေးနှုန်းကျဆင်း
Sep 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း များနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ နွေရာသီတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီကာလတွင် ဈေးများကျဆင်းလျက်ရှိကြောင်း သိရသည်။