မတ္တရာ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်နှင့် စာစီစာကုံးပြိုင်ပွဲများကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို နံနက် ၈နာရီ အချိန်တွင်လည်းကောင်း အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နံနက် ၁၀ နာရီအချိန်တွင်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နေ့လယ် ၁ နာရီအချိန်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၄၁)ဦး ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများမှ ဆုရရှိသူများကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)