ကျောက်တန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ကျောက်တန်း ဇူလိုင် ၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက် (၆) နာရီမှစ၍ တပြိုင်တည်းထုတ်ပြန်ကြေငြာခဲ့ရာ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၏ စာစစ်ဌာနများဖြစ်သော အ.ထ.က(၁)နှင့် အ.ထ.က(တံတား)စာစစ်ဌာနများ၌ အောင်စာရင်းများ ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။

ကျောက်တန်းမြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဖြေဆိုသူစုစုပေါင်း(၇၇၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီးအောင် မြင်သူ(၄၀၃)ဦးတွင် တစ်ဘာသာဂုဏ်ထူးရှင်(၃၀)ဦး၊ နှစ်ဘာသာ(၂၂)ဦး၊ သုံးဘာသာ(၁၁)ဦး၊ လေးဘာသာ(၅)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၂)ဦးတို့ ရရှိကြပြီး ရိုးရိုးအောင်မြင်သူ(၃၃၃)ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်းမှာ (၅၁.၈%) ဖြစ်ကြောင်း သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)