နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နွားထိုးကြီး စက်တင်ဘာ  ၁၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အောင်သူ ရိန်ခန်းမတွင် ယမန်နေ့နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံပညာရေးမှူး ဦးဘိုအောင်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးတင့်လွင်ဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများမှ လူငယ်နှင့်ယဉ်ကျေးမှု၊လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ခေါင်းဆောင်မှု၊ လူငယ်နှင့် မူးယစ်ဆေးခေါင်စဉ်များဖြင့် ဆွေးနွေးပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။

လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်လွင်ဦးနှင့် ဝန်ထမ်းများ၊ တာဝန်ခံပညာရေးမှူး ဦးဘိုအောင်နိုင်နှင့်ဆရာ၊ဆရာမ၊ ကျောင်းသား ကျောင်းသူ ( ၁၅၀ ) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်