ဖောင်းပြင်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပွဲကျင်းပ

ဖောင်းပြင် စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲကို ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းနေအရွယ်တွင် ကျောင်းသင်ခန်းစာများသာမက ပြင်ပဗဟုသုတများကိုလည်း ရှာမှီးကြရမည်ဖြစ်ကြောင်း၊ ဒါမှသာလျှင် စဉ်းစားတွေးခေါ်တတ်သည့် ဉာဏ်ပညာများ ပိုမိုဖွံ့ဖြိုးလာကြမည်ဖြစ်ကြောင်း ပြောကြားပြီး မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များကို အသိပညာပေးပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးထွန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ မြိုနယ်ကျန်းမာရေးဌာနမှူး ဒေါက်တာချမ်းသာထွန်းက မူးယစ်ဆေးဝါး သုံးစွဲခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဟိန်းမျိုးလွင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများကိုလည်းကောင်း အသိပညာပေးပြောကြားကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)