မိုင်းရယ်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရယ် စက်တင်ဘာ ၁၈

မိုင်းရယ်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့ ညနေ(၃)နာရီ က မိုင်းရယ်မြို့ မြို့မဘောလုံးကွင်းအတွင်းတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစား အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက်အား ရွတ်ဆိုကြပါသည်။ ယင်းနောက် ဖွင့်ပွဲအခမ်းအနားအပြီး ရပ်ကွက်(၃)အသင်းနှင့် ဌာနဆိုင်ရာအသင်းတို့ စတင်ယှဉ်ပြိုင် ကစားကြပါသည်။

အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို မိုင်းရယ်မြို့နယ်အတွင်းရှိ ဘောလုံးအသင်း (၈)သင်းမှ အုပ်စု(၂)စုခွဲ၍ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)