ပုဗ္ဗသီရိ စက်တင်ဘာ ၁၈
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီက လယ်သာကျေးရွာ YGW ပရဟိတ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေနံမြေလုံခြုံရေးဒုတိယရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုင်းလှထူး ဦးစီးသည့် အရာထမ်း၊ အမှုထမ်း တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၄၃)ဦးတို့သည် YGWပရဟိတ မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွင်းရှိ မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျကောက်ယူ၍ စွန့်ပစ်ရှင်းလင်းခြင်းတို့ကို စုပေါင်းညီညာစွာ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)