ဆင်ပေါင်ဝဲမြို့နယ်၌ One Day One Hundred(Ks) ပရဟိတအဖွဲ့မှ မွေးလူနာရှင်အား အလှူငွေထောက်ပံ့ ပေးအပ်

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ One Day One Hundred(Ks) ပရဟိတအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက မွေးလူနာရှင်အား အလှူငွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ဆင်ပေါင်ဝဲမြို့နယ် One Day One Hundred(Ks) ပရဟိတအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်စိုးပိုင်နှင့် အဖွဲ့ဝင်များက အမှတ်(၂) ရပ်ကွက်နေ မွေးလူနာရှင် ဒေါ်ကြည်ကြည်ဝင်း(ခ) မပုအား အလှူငွေ (၃၀၀၀၀/-)ကျပ်ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အိမ်တိုင်ရာရောက် သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)