ဒိုက်ဦး စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ကြည်မာသင်းက လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)