ဖောင်းပြင်မြို့ အမက(၂) မူလွန်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 10,2023
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိရေးနှင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အမက(၂)မူလွန်ကျောင်း တွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။