မိုင်းစံ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မှုခင်းကြိုတင်ကာကွယ်ရေးနှင့်မှုခင်းပညာပေးလက်ကမ်းစာစောင်ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ လူစည်ကားရာ စျေး၊ ဆိုင်ခန်းများ၌ ဖြန့်ဝေခဲ့သည်။
လက်ကမ်းစာစောင်တွင် လူသတ်မှု၊ မုဒိန်းမှု၊ လောင်းကစားမှု၊ online လိမ်လည်မှုများ၊ “အကြမ်းဖက်မှုပပျောက်ဖို့ ပြည်သူများ ပူးပေါင်းပါဝင်တိုက်ဖျက်စို့”၊ ခိုးမှု၊ လုယက်မှုများမှ ကာကွယ်နိုင်ရန်၊ သတင်းပေးရန် အကူအညီလိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပါတ်များ စသည့် အချက်များပါရှိပြီး အဆိုပါ လက်ကမ်းစာစောင်များကို မြို့ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အစောင်ရေ(၁၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)