အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပြည် အောက်တိုဘာ ၁၀

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်မြို့ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ခရိုင်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးထွဋ်ခိုင်က ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းအရင်းနှင့် ဥပဒေပြဌာန်းချက်များအကြောင်းကို‌ ဆွေးနွေးပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူးဦးအေးလွင်က ကလေးအလုပ်သမားများအား ပြန်လည်ကုစားပေးနိုင်ရန် ကျောင်းပြင်ပ ပညာရေးနှင့်ပညာသင်ကြားခွင့်ရရှိရေး၊ သက်မွေးဝမ်းကျောင်းပညာရေးများ သင်ကြားပေးနိုင်ရေးအကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဥ်ယဥ်မြင့်က အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်းနှင့် အလုပ်လုပ်ကိုင်ရမည့် အသက်အရွယ်သတ်မှက်ချက်များနှင့် ဥပဒေပြဌာန်းချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ကလေးအလုပ်သမားများဖြစ်နေသည့် ကလေးများအား အခမဲ့ပညာဆည်းပူးနိုင်ရေးနှင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း ပညာရပ်များသင်ကြားပေးနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကလေးအလုပ်သမားဆိုင်ရာဆပ်ကော်မတီနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ အလုပ်လုပ်ကိုင်နေသောကလေးမိဘများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြောင်းသိရသည်။

ကိုစိုး(ပြည်)