ဝါးခယ်မမြို့နယ်၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် တောင်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ဝါးခယ်မ အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ တောင်သူများအား ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် ရေလိန်ကျေးရွာ၊ အူကျွန်းကျေးရွာ၊ ကြခတ်ကုန်းကျေးရွာ၊ သဲကုန်းကျေးရွာများရှိ တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ တွေ့ဆုံ၍ ဆောင်းသီးနှံနေကြာစိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပြီး ၎င်းကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူ (၃၀)ဦးအား ပျားပုံး(၃၀)ပုံးကို မွေးမြူကြရန် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ၊ ပျဥ်းမနား၊ နေပြည်တော်နှင့် ချိတ်ဆက်ထားရှိကြောင်း၊ ယင်းပျားပုံးများကို အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းတွင် သွားရောက်သယ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)