မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မိုင်းစံ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ ‌‌ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့လယ် (၁း၃၀)အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်တက်စေရန်နှင့် အချင်းချင်း ရင်းနှီးချစ်ကြည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် (Book Club) အဖွဲ့ဝင် ဦးချစ်စမ်းမောင်က "စွန့်စားမှုဆီသို့ ‌‌ခြေတစ်လှမ်း"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီေ၊ စာပေချစ်မြတ်နိုးသူ ဦးထန်းလင်က "အမှတ်တရ အချိန်များ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဦးအာကာရှိန်းက "ရှင်သန်တိုးပွားချစ်ခြင်းတရား" ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)