ထန်းတပင်(ပဲခူး) အောက်တိုဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club)အဖွဲ့တို့ပူးပေါင်း၍ (Community Centre)ခန်းမတွင် စာရေးဆရာကောင်းသန့်ရေးသားသည့် တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းစာအုပ်ဖြင့် ယနေ့မွန်းလွဲပိုင်းကစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င်တို့က စာအုပ်ပါခေါင်းစဥ်များမှ "စိတ်ဆန္ဒပြင်းပြမှုရှိပါစေ"၊ "ရိုးသားစွာချီးမွမ်းစကားပြောကြားတတ်ပါစေ" ၊ "ဘာပဲလုပ်လုပ်အာရုံစူးစိုက်လုပ်ကိုင်ပါ" ၊ "အနေအထိုင်ကျစ်လစ်ပါစေ"စသည့် အကြောင်းအရာများကိုဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)