သရက်ချောင်း စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မိုးစပါးစိုက်ပျိုးရေး(မြစိမ်းရောင်) သွင်းအားစုနှင့် စိုက်ပျိုးစရိတ် မတည်ချေးငှားထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က သရက်ချောင်းမြို့၊ အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေ ကောင်စီက ချမှတ်ထားသော ဦးတည်ချက်(၉)ရပ်ထဲက စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုင်းပြည်သာယာဝပြောရေးနှင့် စာရေးရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားကဏ္ဍကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိ အောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည်ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် တောင်သူများအားတိုက်တွန်းပြောကြားခြင်း၊ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့်တောင်သူများ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရန် ချေးငွေထုတ်ချေး ပေးသော သမဝါယမဦးစီးဌာနအား ကျေးဇူးတင်စကားပြောကြားပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်က တောင်သူများအား မိုးစပါးစိုက်ပျိုးရေးသွင်းအားစုမတည်ချေးငွေထုတ်ချေးရခြင်း ရည်ရွယ်ချက်နှင့် မိုးစပါးစိုက်ပျိုးရေးသွင်းအားစုမတည်ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိုးစပါးစိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးက သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံသမဝါယမအသင်း(၃)အတွက် မိုးစပါးစိုက်ပျိုးတောင်သူ(၅၉)ဦးတို့မှစိုက်ပျိုးသောလယ် ဧက (၃၆၄)ဧကအတွက် မိုးစပါး စိုက်ပျိုးရေးသွင်းအားစုမတည်ချေးငွေ (၇၂၈)သိန်းအားပေးအပ်ကာ တာဝန်ရှိသူများက လက်ခံ ခြင်းနှင့် မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုမတည်ချေးငွေများ ပေးအပ်ကာ အခမ်းအနားရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိုးစပါး စိုက်ပျိုးရေးစီမံကိန်း(မြစိမ်းရောင်)ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်မြတ်ထွေးသွယ်နှင့် ဝန်ထမ်းများ၊ မိုးစပါးစိုက်ပျိုး မည့်တောင်သူများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)