မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချ

အထက်မင်းလှ စက်တင်ဘာ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များမှ ယနေ့နံနက်()နာရီက ရုံးရပ်မြောက်ရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဖွင့်လှစ်ရောင်းချရာတွင် အမဲသား()ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဝက်သား()ပိဿာလျှင် (၁၃၀၀ဝ)ကျပ်၊ ဆိတ်သား()ပိဿာ(၁၆ဝဝဝ)ကျပ်၊ ကြက်ဥ()လုံးလျှင်၂၂၀ကျပ်ဖြင့် ကြက်ဥ(၉၀၀)လုံး၊ စားအုန်းဆီ()ပိဿာလျှင် (၅၁၀၀)ကျပ်နှုန်းဖြင့် ဆီ(၁၁၀)ပိဿာ၊ ဆန်()ပြည် (၃၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၄၈)ပြည်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါဈေးရောင်းချပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ဖွင့်လှစ်ရောင်းချပေးသည့် တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များကို အပတ်စဉ် ကြာသပတေးနေ့တိုင်းတွင် ရပ်ကွက်များတွင် အလှည့်ကျရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                            

ဇာဇာ(အထက်မင်းလှ)