ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည်  စက်တင်ဘာ  ၂၇

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးမန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးအောင်သူရိန်ထွန်းက လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်စေရေးကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ဗဟုသုတကြွယ်ဝဖို့လူတိုင်းစာဖတ်ကြပါစို့၊ လူငယ်နှင့် စာပေကဏ္ဍ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့်ခေါင်းစဉ်များနှင့် အသိပညာပေး ဟောပြောခဲ့ပြီးကြောင်းသိရသည်။

ထို့နောက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တတ်ရောက်လာသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောသုတ/ရသစာအုပ်များနှင့် ကလေးအလုပ် သမားပပျောက်ရေး၊ ယာဉ် စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေးနှင့် လူငယ်စကားဝိုင်းမှတ်တမ်း နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းနှင့်မင်းစု အခြေခံပညာအထက်တန်းကျောင်းတွင်လည်း အလားတူလူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သက်မောင်၊ ကျောက်ဆည်