သရက်ချောင်း စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တီထွင်ပြင်ကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အယ်နီညိုနှင့် ပတ်သက်၍ မွေးမြူရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်ဝင်း နေအိမ်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာတင်မောင်ဦးနှင့် ထားဝယ်ခရိုင်ဦးစီးဌာနမှူး ဒေါက်တာသန်းဌေးနှင့် သရက်ချောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာလမင်းကိုကိုတို့က တီတွတ်ပြင်ကျေးရွာတွင် မွေးမြူရေးလုပ်ကိုင် နေသူများအား အယ်နီညိုဖြစ်စဥ်အကြောင်းနှင့်ပတ်သက်၍ မွေးမြူရေးလုပ်ငန်းများ သဘာဝဘေးမှ ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်စေရန်နှင့် ထိခိုက်နစ်နာမှု မရှိစေရန်အတွက် အသိပညာပေးဟောပြောခဲ့ရာ တာဝန်ရှိသူများနှင့် မွေးမြူရေးလုပ်ကိုင်နေသောဒေသခံပြည်သူများက အပြန်အလှန်ဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တီတွတ်ပြင်ကျေးရွာမှ စီးပွားဖြစ်လုပ်ကိုင်သူနှင့်တစ်ပိုင်တစ်နိုင်လုပ်ကိုင် မွေးမြူသူ (၁၅)ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာလမင်းကိုကိုထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)