သတင်းများ

အောင်မြေသာစံမြို့နယ်တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာပေဟောပြောပွဲအခမ်းအနားကျင်းပ
Sep 27,2023
မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာပေဟောပြောပွဲအခမ်းအနားကို  ယမန်နေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်း၊ ၇၃လမ်းထောင့်ရှိ လူငယ်သင်တန်းကျာင်း (မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 27,2023
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို စနစ်တကျထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
သာစည်မြို့နယ် ရွာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 27,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ကျောင်းသား/သူများ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများရရှိစေရန် စားသုံးသူရေးရာဦးစီးဌာန ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများ ယမန်နေ့နံနက်က ရွာကြီးကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်
မိတ္ထီလာမြို့ အ.ထ.က(၄) တွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 27,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အခြေခံပညာအထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ အ.ထ.က(၄)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 27,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းသားများနှင့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၂  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Sep 26,2023
နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
တိုက်ကြီးခရိုင်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 26,2023
ပြည်သူတစ်ဉီးချင်းအပေါ်သို့ ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစား အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းများကို သိရှိနိုင်စေရန်ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီက ကျင်းပကြောင်းသိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့သည့် လူနေအိမ်လေးလုံးမှ ပြည်သူများအား သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်
Sep 26,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။