အောင်မြေသာစံ စက်တင်ဘာ ၂၇
မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာပေဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်း၊ ၇၃လမ်းထောင့်ရှိ လူငယ်သင်တန်းကျာင်း (မန္တလေး)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး လူငယ်သင်တန်းကျာင်း၊ကျောင်းအုပ်ကြီး ဦးအေးကျော်က ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးထွဏ်းလှအောင် စာအုပ် စာစောင်များလှူဒါန်းရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးလှဘော် (မောင်လှဘာ်_မအူပင်)၊ စာရေး ဆရာဦးကံလှ (မောင်လူလှ_ဇေယျာဦး)၊ပန်ချီဆရာ ဦးမော်စန်း (မြောက်ပြင်တော်က ကိုရွှေမော်)၊ ဥက္ကဋ္ဌ ဦးထွဏ်းလှအောင်၊ စာရေးဆရာဦးဆန်းဦး (မင်းလပြည့်-ဟားခါး)၊ စာရေးဆရာဦးအောင်သင်း(ကိုရွှေအောင်သင်း) တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူကြသည်။
ထို့နောက် စာရေးဆရာ ဦးအောင်သင်း(ကလောင်မည် ကိုရွှေအောင်သင်း) က လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောကြောင်း သိရသည်။
မြင့်မော်ထွန်း