သတင်းများ

မိုင်းကိုင်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Oct 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၏ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အစုအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွင် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 12,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူရောင်းချမှု ညှိနိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရေနံလုပ်ငန်းရှင် ကုမ္ပဏီများ၊ စက်သုံးဆီအရောင်းဆိုင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အနောက်ဘက်ကန်သာယာကန်အား သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Oct 12,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အနောက်ဘက်ကန် သာယာကန် အဆင့်မြှင့်တင်ရေး လုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အနောက်ဘက်ကန်သာယာ ကန်ပတ်လမ်း အရှည် - ၅၅၀၀ ပေ၊ အကျယ် - ၁၈ ပေ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ မြေထိန်းနံရံလုပ်ငန်း၊ လျှပ်စစ်မီးတိုင်များ တပ်ဆင်ခြင်း လုပ်ငန်း၊ ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းများနှင့် စတီးလက်ရန်းများ တပ်ဆင်သွားမည့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဖြူးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွား(၁၂၇၃)ဦးအား (၃)လစာလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Oct 12,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လလျှင်တစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က ထန်းကုန်းရပ်ကွက်ရှိ အဘိုး၊ အဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရာသီချိန်မျှင်အုပ်များစတင်တွေ့ရှိ၍ မျှင်ဖမ်းသမားများအလုပ်ဖြစ်လာ
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် ရာသီချိန်မျှင်အုပ်များတွေ့ရှိလာ၍ မျှင်ဖမ်းသမားများအလုပ်ဖြစ်လာကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Oct 12,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ ပေါ်ရှိလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့်ကယ်ဒီများ အတွက် စားသုံးဆီများ ရောင်းချပေး
Oct 12,2023
လားရှိုးမြို့၊ လားရှိုးဂေါက်ကလပ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် ကယ်ဒီများ အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ အစီအစဉ်ဖြင့် စားသုံးဆီ များကို ယမန်နေ့  ရောင်းချပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသူ၊ ကျောင်းသားများစာဖတ်ရှိန် မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ယမန့်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်