မြန်အောင် စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ (၂) လက်မအောက်ခံ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားအနီး ဧရာဝတီသင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုး၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်အေးမြင့်ဦးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင်ငါးလုပ်ငန်းစခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)