ရွှေသောင်ယံ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စုတွင် ယနေ့နံနက်ပိုင်းက ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှထောက်ပံ့ကြေးငွေများပေးအပ်ရာ ရွှေသောင်ယံမြို ခေတ္တမြို့အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ သွားရောက်ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါထောက်ပံ့ကြေးပေးအပ်ရာတွင် အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၀) ဦးအား (၁) ဦးလျှင် (၃) လစာ (၄၅၀၀၀) ကျပ်စီကိုလည်းကောင်း၊ (၂) နှစ်အောက်ကလေး (၅၈) ဦးအား (၁) ဦးလျှင် (၃) လစာ (၄၅၀၀၀) ကျပ်စီကိုလည်းကောင်း အသီးသီးထောက့်ပံ့ပေးအပ်ခဲ့သည် ဟုသိရသည်။
ရွှေသောင်ယံ (ပြန်/ဆက်)