ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာဆင်ဖြူကျွန်းအောင်သိန်းရေးသားသော ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန်ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ ဥက္ကဋ္ဌဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း ရေးသားသော" ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ” စာအုပ်မှ ဘိုးဘွားအမွေအနှစ်များကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေးအတွက် လူမှုဓလေ့၊ သုမင်္ဂလာနှင့်ဒုမင်္ဂလာ၊စားဓလေ့ သောက်ဓလေ့ခေါင်းစဉ်ပါ ကြောင်းအရာများအား ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် Woman Club အဖွဲ့ဝင်များက မိမိတို့၏ သဘောထားအမြင်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး (Talk Show) အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)